Local News

မန္တလေးကုန်စည်ဒိုင်သို့ ကျွန်းမြေပဲများဝင်ရောက်လျှက်ရှိပြီး တရုတ်ဝယ်လက် ဝယ်ယူမှုရှိ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ ကျွန်းမြေပဲများ ဝင်ရောက်လျှက်ရှိပြီး ပြည်တွင်းဆီစက်သမားများနှင့် ရန်ကုန် ဝယ်လက် ဝယ်ယူလျှက်ရှိကြောင်း၊ မြေပဲ လုံးဆံနီ ကို တရုတ်လက်မှ ဝယ်ယူနေ ကြောင်း သိရသည်။

 

မြေပဲလုံးဆံ(နီ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ် (၃၆၀၀) ကျပ်၊ ယခင် တစ်ပတ် (၃၃၀၀) ကျပ်၊ ယခင်လ (၃၂၀၀) ကျပ် ဖြစ်သည်။ ယခင် တစ်ပတ်ထက်ကျပ်(၃၀၀) ယခင်လထက် ကျပ် (၄၀၀) မြင့်တက် လာသည်။

မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာဈေးမှာ ယခုတစ်ပတ် (၃၉၀၀) ကျပ်၊ ယခင်   တစ်ပတ် (၃၇၀၀) ကျပ်၊ယခင်လ (၄၈၅၀) ကျပ် ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် (၂၀၀) ၊ယခင်လထက် ကျပ် (၅၀) မြင့်တက် လာသည်။

Category: Local News